KIO တပ်မဟာ၉ ကို စစ်တပ်ကလေကြောင်းက ဗုံးကြဲမှုဟာ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဥ်းအတိုင်း ဆောင်ရွက်တာလို့ စစ်ကောင်စီ ထုတ်ပြန်
Download and listen anywhere
Download your favorite episodes and enjoy them, wherever you are! Sign up or log in now to access offline listening.
Description
- KIO ၆၂နှစ်မြောက် အခမ်းအနား ဖျော်ဖြေရေးလုပ်နေစဥ်တိုက်ခိုက်ခံရတာကြောင့် သေဆုံးသူတွေထဲ အရပ်သားတွေနဲ့ ကချင် အနုပညာရှင်အသင်းက နာမည်ကြီးတွေ ပါ၀င်တယ်လို့ အသင်း ပြန်ကြားရေးအဖွဲ့၀င်ကပြော - ကရင်ပြည်နယ်ကော့ကရိတ်မှာ မြို့ပေါ်ထိတိုက်ပွဲပျံ့လာလို့ ဘာသာရေးအဆောက်အအုံတွေမှာ စစ်ရှောင် ခိုလှုံနေကြရတယ်လို့ မြို့ခံပြော - ကန့်ဘလူမှာ ဇော်ချောင်းရွာကို စစ်တပ်က ၀င်ရောက်စီးနင်းစဥ် ထွက်မပြေးနိုင်တဲ့ အမျိုးသမီးနဲ့ သက််ကြီးရွယ်အိုတွေကို ဖမ်းသွားတယ်လို့ ပြော...
show more- ကရင်ပြည်နယ်ကော့ကရိတ်မှာ မြို့ပေါ်ထိတိုက်ပွဲပျံ့လာလို့ ဘာသာရေးအဆောက်အအုံတွေမှာ စစ်ရှောင် ခိုလှုံနေကြရတယ်လို့ မြို့ခံပြော
- ကန့်ဘလူမှာ ဇော်ချောင်းရွာကို စစ်တပ်က ၀င်ရောက်စီးနင်းစဥ် ထွက်မပြေးနိုင်တဲ့ အမျိုးသမီးနဲ့ သက််ကြီးရွယ်အိုတွေကို ဖမ်းသွားတယ်လို့ ပြော
- တနင်္သာရီ တောင်ပျောက်တိုက်နယ်မှာ ပျူစောထီး လစာပေးဖို့ တစ်အိမ်ထောင် ကျပ်တစ်သောင်းခွဲကောက်သလို ၊ နေရပ်ပြန်စစ်ရှောင်တွေဆီကနေ စကစတပ်တွေက ငွေကြေးတောင်းခံနေတယ်လို့ ရွာခံပြော
- ရခိုင်ပြည်နယ် ဘူးသီးတောင်မှာ တစ်ရက်အတွင်း အရပ်သား၂၀နီးပါးကို စစ်ကောင်စီတပ်တွေ ဖမ်းသွားတယ်လို့ အဖမ်းခံရသူရဲ့ မိသားစု၀င်ပြော
- ဗြိတိန်မှာ အာရှနွယ်ဖွား အသက်အငယ်ဆုံး အမျိုးသားကို ၀န်ကြီးချုပ်အဖြစ် နှစ်နှစ်ရာကျော်အတွင်း ပထမဆုံး ရွေးချယ်တင်မြှောက်
- ၀က်စ်ဟမန်းက ဘိုးမောက်ကို ၂ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲ ရလဒ်နဲ့အတူ တလောတုန်းက အထုတ်ခံရတဲ့ အက်စတန်ဗီလာ မန်နေဂျာ စတီဗင် ဂျရက် နေရာမှာ အာဆင်နယ် မန်နေဂျာဟောင်း အူနိုင်း အွန်မရီနဲ့ အစားထိုးလိုက်တဲ့ အကြောင်းအပါအ၀င် အင်္ဂါ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ တင်ဆက်ပေးနေပါတယ်။
မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862
ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858
ဝက်ဘ်ဆိုက် - https://www.bbcburmese.com
ဖေ့စ်ဘွတ်ခ် - https://www.facebook.com/BBCnewsBurmese
အင်စတာဂရမ် - https://www.instagram.com/bbcburmese/
ယူကျု - http://youtube.com/thebbcburmese
Information
| Author | BBC |
| Organization | BBC |
| Website | - |
| Tags |
-
|
Copyright 2026 - Spreaker Inc. an iHeartMedia Company
Comments